
ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲနီပြား (ကျွန်း) ၅၁၀၀၀၀ ကျပ်နှင့် ၅၁၅၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၅၀၀၀ကျပ်နှင့် ၄၃၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၂၃၁ကျပ်နှင့် ၉၃၂၁ ကျပ်၊ ပဲနီပြား (တံတားဦး)၇၆၉၂ကျပ်နှင့် ၇၈၃ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား၇၇၈၃ ကျပ်နှင့်၉၂၃၁ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
