
ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေး၌ အောက်တိုဘာလ တတိယပတ်အတွင်း ဒေသထွက် နှင့်အခြားဒေသထွက်ဘူးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့အနီး တစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြ သည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော် ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုး စေပါ သည်။ ဘူးသီးကိုအလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး ဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၃၀၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)
