
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီနှင့် ကိုက်ကြီးကိုက်)မုန့်ဖတ်လုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ မုန့် တီမုန့်ဖတ်နှင့် ကိုက်ကြီးကိုက်မုန့်ဖတ်များကို မြိတ်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာ များမှ ဝယ်ယူစားသုံးကြောင်းသိရှိရသည်။ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန် အတွက်လည်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်းတွင် မြိတ်မြို့တွင် ရောင်းချ လျက်ရှိသော မုန့်တီမုန့်ဖတ်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကိုက်ကြီးကိုက် မုန့်ဖတ်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
