
ကျောက်ပျဉ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အမွှေးနံ့သာလိမ်းကျံရာ၌ အသုံး ပြုသောနံ့သာသွေးရာကျောက်ချပ်ပြားဖြစ်သည်။ များသောအားဖြင့် မြန်မာအမျိုးသမီးများသည် သနပ် ခါးကို လိမ်းကျံခြယ်သလေ့ရှိကြသဖြင့် သနပ်ခါးအများဆုံးသွေးရာ ကျောက်ပြားဖြစ်၍ သနပ်ခါး ကျောက်ပျဉ်ဟုလည်းခေါ်သည်။ ထို့အပြင်နံ့သာဖြူ၊ ကရမက်၊ တောင်နံ့ကြီးစသော နံ့သာတုံးများ ကိုလည်း ကျောက်ပျဉ်တွင် တင်၍သွေးလေ့ရှိသည်။ ကျောက်ပျဉ်မှာ အရွယ်အစားအမျိုးမျိုး ရှိသော်လည်း ပုံသဏ္ဍာန်မှာ တစ်မျိုးတည်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့နယ် အတွင်းရှိ ဂွေးချိုတောင်အနီး မင်းကန်ရွာများမှအများအပြားပြုလုပ် ရောင်းချ လျက်ရှိသည်။ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျောက်ပျဉ်အရောင်း ဆိုင်များမှ ကျောက်ပျဉ်များကို မင်းကန်ရွာမှ မှာယူရကြောင်းသိရှိရသည်။ ကျောက်ပျဉ်ဈေးနှုန်းများအနေဖြင့် ကျောက်ပျဉ်အကြီး တစ်ချပ်လျှင်(၃၀၀၀၀-၂၅၀၀၀)ကျပ်၊ အလတ်တစ်ချပ်လျှင်(၁၀၀၀၀-၇၀၀၀)ကျပ်၊ အသေးတစ်ချပ် လျှင်(၃၀၀၀-၂၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။
DOCA (မန္တလေး)
