Main menu

တောင်ငူခရိုင်အတွင်း မိုးစပါးများ စတင်ရိတ်သိမ်း

Powered by Drupal

        တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ် (၅)ခုတို့တွင် မိုးစပါး ၄၅၂၁၇၀ ဧက စိုက်ပျိုးထားရှိရာ ယခုအခါ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။

        ပြီးခဲ့သည့် ရက်များက မုန်တိုင်းအရှိန်ကြောင့် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့်  ရိတ်ခြွေစက်များမှ ထွက်ရှိလာသော စပါးများကို လယ်ကွင်းပြင်တွင် နေလှန်းရန် အခက်အခဲရှိခြင်းကြောင့် ဆန်စက်များမှ ဝယ်ယူပြီးအခြောက်ခံခြင်းဖြစ်ပါသည်။

         စပါးအစိုဓာတ်များပြားသဖြင့် ဆန်စက်များက စပါးများကို တစ်တင်းလျှင် ၅၄ ပေါင်ဖြင့် ဝယ်ယူပါသည်။ စပါးအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ ဆန်စက်အရောက် စပါးတင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀ မှ ကျပ် ၁၁၀၀၀၀၀ အထိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

       ယခင်နှစ်စပါးပေါ်ခါစတွင် စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ၆၃၀၀၀၀ ကျပ်မှ ၆၅၀၀၀၀ ကျပ် အထိသာရှိခဲ့သဖြင့် ယခင်နှစ်ကထက် အကျိုးအမြတ်ပိုမိုရရှိမည်ဟု ထင်ရသော်လည်း သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားစရိတ်များမြင့်တက်ခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ခ မြင့်တက်ခြင်းတို့ကြောင့် ယခင်နှစ်ကထက် အကျိုးအမြတ်အနည်းငယ်သာ ပိုမိုရရှိမည် ဖြစ်ပါသည်။

         ယခုအခါတွင် ရာသီဥတု ပြန်လည်ကောင်းမွန်လာပြီး စပါးများလည်း လှိုင်လှိုင်ပေါ်တော့မည်ဖြစ်သဖြင့် စပါးအရည်အသွေးမြင့်မားလာကာ စပါးဈေးလည်း ကျဆင်းလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)