
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီးများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိ ကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
