
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “မဗေဒါ” ပဲကြီးလှော် လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသ ဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ဒေသလက်ဆောင်အဖြစ်လည်းရောင်းချရကြောင်း ဇလွန်မြို့နယ်တာဝန်ခံ မှ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပဲကြီးလှော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပဲကြီး ကိုအသုံးပြုပြီး ဟင်္သာတခရိုင်အတွင်း မှ ဝယ်ယူရရှိပါသည်။ ပဲကြီးလှော်ကို တစ်နေ့လျှင် တစ်တင်းခွဲ တစ်အိတ်ကြော်ရပြီး ၂၈၀၀/-ကျပ်တန် အထုပ်ကြီး ၁၀၀ ခန့် ရရှိပါသည်။ ပဲကြီးတစ်ဒယ်လျှင် ဆား၊ ထင်းနှင့် လုပ်သားခ၊ ပလပ်စတစ် ထုတ်ပိုး မှု အပါအဝင် ကျပ် (၂၅၀၀၀၀/-) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထုပ်ကြီး ၁ထုပ် လျှင် ၂၈၀၀ ကျပ်နှင့် အသေးတစ်ထုပ်လျှင် ၁၂၀၀ ကျပ် ရောင်းချရပါသည်။ ပဲလှော်တစ်ဖိုလျှင် ၃၀၀၀၀၀/- ဝန်းကျင်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀/-ကျပ်) ရရှိပါသည်။ ပဲလှော်ပြုလုပ်ရာတွင် ပဲကြီးကို ပထမအကြိမ် ရေဆေးကာ တစ်ရက်စိမ်ရပြီး၊ နောက်တစ်ရက်တွင် ဆားနှင့်လှော်ကာ အအေးခံ၍ ထုတ်လုပ်ပါသည်။ မိုးတွင်းကာလများတွင် ရောင်းအားအနည်းငယ်သာရောင်းချရပြီး၊ နွေဦးကာလများတွင် ဘုရားဖူးလာသူ များမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအား ပိုမိုကောင်းမွန် ကြောင်းသိရှိရပါသည်။ မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသော အကျိုးအမြတ် ရရှိပါ သည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင် အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ် ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်း သိရှိပါသည်။
EYDNS (DOCA ဧရာဝတီ)
