
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချ ကြကြောင်း သိရှိရသည်။ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက် သောက်ခြင်း၊ ကြော်စားခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလပထမပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။
DOCA(တနင်္သာရီ)
