Main menu

ကန့်ဘလူမြို့နယ်၏ ဒေသထွက်မျှစ်ခြောက်ဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊  ဆည်ကြီးကျေးရွာ၊ နတ်အင်း ကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှ ထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက  မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့်မျှစ်ခြောက်ဟူ၍ မျှစ်များကို အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရ ပါသည်။

          မျှစ်သည် မိုးဦးကျကာလတွင် စတင်ထွက်ပေါ်ပြီး မျှစ်များကို  မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဟူ၍  ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် အခြောက်လှန်း၍ မျှစ်စိုများ ရှားပါးလာချိန်တွင် မျှစ် ခြောက်အဖြစ် ပြန်လည်ရောင်းချကြောင်း သိရသည်။

          မျှစ်စိမ်းဆိုသည်မှာ ပြုပြင်ထားခြင်းမရှိသော မျှစ်ကိုခေါ်ဆိုကြောင်း၊ မျှစ်ပြုတ်ဆိုသည်မှာ မျှစ်ကိုတစ်ရေပြုတ်ကာ ဈေးကွက်အတွင်းသို့ ရောင်းချသည့် မျှစ်ဖြစ်ကြောင်းနှင့် မျှစ်ခြောက်မှာ မျှစ်များကို ပြုတ်၍ ရေစစ်ကာ အလွှာလေးများ ပါးပါးလှီး၍ ဖျာများပေါ်တွင်ခင်းကာ အခြောက် လှန်း၍ရသော မျှစ်ကို ဆိုကြောင်း သိရှိရပါသည်။ မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် ပြုတ်ထားသော မျှစ်ပြုတ်(၁၀)ပိဿာကို အခြောက်လှန်းလျှင် မျှစ်ခြောက် (၁)ပိဿာရရှိကြောင်း၊ယခုအခါ ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော မျှစ်ခြောက်ဈေးနှုန်းမှာ မျှစ်ခြောက်အနု (၁)ပိဿာလျှင်  (၂၂၀၀၀မှ ၂၄၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)