Main menu

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသီးနှံများလှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ပေါက်၊ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်း မိုးဆောင်းနှစ်ရာသီ စိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက်ဧက () သောင်းခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

          မိုးပဲတီစိမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်၊ဇူလိုင်လတွင် သီးနှံစတင်ထွက်ပေါ်ကြောင်း ပဲတီစိမ်းမြကြေးမှုံ ၊ကျောက်စိမ်း ၊ပဲတီစိမ်း ပဲနောက်သေးမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ အစေ့ချစနစ်ဖြင့် ပင်ကြား()လက်မ၊ တန်းခြား() ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ()ပြည်ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ()သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကပျှမ်းမျှအ ထွက်တင်းမှာ (၁၀-၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့် ရာသီ ဥတုပေါ်မှုတည်၍ သီးနှံအထွက် နှုန်းကွာခြားမှုရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၀၀၀-၁၂၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လတွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် (၇၅၀၀၀-၁၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၅၀၀၀)ဈေးနှုန်း ကျဆင်းလာကြောင်း၊ ပခုက္ကူပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပဲတီစိမ်းသေး ပိဿာ(၃၀)ဝင်အိတ် (၃၀၀-၃၅၀)ခန့် ဝင်ရောက်ပြီး ရေစကြိုမြို့နယ် ထွက်ပဲတီစိမ်းများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက် အနေ ဖြင့် ပခုက္ကူပွဲရုံများသို့ ဝင်ရောက်လာသည့် ပဲတီစိမ်းများကိုဒေသတွင်းဖြန့် ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီးထိုမှ တစ်ဆင့် တရုတ်၊ဗီယက်နန်နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)