Main menu

ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်များ ဈေးကောင်းရရှိနေ

Powered by Drupal

                ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်များကို တစ်ပိဿာလျှင်အကောင်အရွယ်အစားပေါ်မူတည်၍  ကျပ်၈၀၀၀၀မှ ကျပ်၂၀၀၀၀၀ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက် တစ်ဆယ်သား တစ်ဘူးလျှင် ၂၅၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။ယခုအချိန်သည် မိုးရာသီဖြစ်ပြီး ငါးပေါသောကြောင့် ရောင်းအားအနေဖြင့် ပိုမိုများပြားလာကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)