
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလ ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချ နေသော အသား/ငါး ဈေးနှုန်းများအနေဖြင့် ကြက်သား( ၁) ပိဿာလျှင် ( ၂၂၀၀၀)၊ ဝက်သား( ၁) ပိဿာ လျှင် (၃၄၀၀၀)ကျပ်၊ အမဲသား ( ၁)ပိဿာလျှင် ( ၃၁၀၀၀)ကျပ်၊ ငါးမြစ်ချင်း ( ၁ ) ပိဿာ လျှင် (၂၂၀၀၀)ကျပ်၊ ငါးဖယ်ခြစ် ( ၁၀)ကျပ်သားလျှင် ( ၄၀၀၀)ကျပ်၊ ဆိတ်သား အသားသန့် ( ၁) ပိဿာလျှင် ( ၃၅၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ဝက်သား( ၁) ပိဿာ လျှင် (၃၆၀၀၀)ကျပ်၊ အမဲသား ( ၁)ပိဿာလျှင် ( ၃၄၀၀၀)ကျပ်ရောင်းချလျက်ရှိရာ ကျန်အသားငါးဈေးနှုန်းများမှာ ဈေးနှုန်းငြိမ်နေပြီး ဝက်သားနှင့် အမဲသားဈေးနှုန်းများ မြင့်တက် လာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
