Languages

Main menu

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ စည်းကားသိုက်မြိုက်စွာကျင်းပ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် USAID တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊USAID အဖွဲ့အစည်းနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း(၂၇၃)ဦး တက်ရောက်ခဲ့ပါသည်။

              ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပထမပိုင်းအခမ်းအနားကို မြို့တော်ခန်းမ အရှေ့ရှိ မုဒ်ဦးတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် USAIDမှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍  ဒုတိယပိုင်းအခမ်းအနားကို မြို့တော်ခန်းမအတွင်း ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်USAID မှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့က နှုတ်ခွန်းဆက်အမှာစကား အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။  ထို့နောက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက လည်းကောင်း၊စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ ပိုမိုတိုးတက်လာစေရန်အတွက် Mobile  Applicationဖြစ်သည့် DOCA Myanmarနှင့် ပတ်သက်၍စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

              ဆက်လက်၍ “စားသုံးသူအကာအကွယ်ပေးရေးနှင့်ဒီဂျစ်တယ်ထုတ်ကုန်များ လုံခြုံ စိတ်ချ စွာ သုံးစွဲနိုင်ရေး” ခေါင်းစဉ်ဖြင့် Pannel Discussion ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ Moderator အဖြစ် ပါမောက္ခ ဒေါက်တာအောင်မြင့်၊ ပါဝင်ဆွေးနွေးသူများအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဒုတိယဥက္ကဌဦးကြည်အောင်၊ IT လုပ်ငန်းရှင် ဦးထွန်းဇံဖြိုးနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း နာယက ဦးမောင်မောင်ဦးတို့ကTrusted Smart Products များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

              ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

ITQM