သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် စက်တင်ဘာလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၆) တန် စီးထွက်ခဲ့ပါသည်။ ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် မော်လမြိုင်သို့ (၂၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂)တန်ခန့် စီးထွက်ခဲ့ပြီး ယခင် တတိယအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၂၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၈) တန်ခန့်စီးဝင်ခဲ့ပြီး ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်တတိယအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့၍ စီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၂၄၀၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၅၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၀၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၀၅၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၀၅၀၀၀ိ/-) ခန့်၊ ကမာကြည် (၆၆၀၀၀ိ/-) ခန့်၊ ဧည့်မထ (၄၉၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)