Main menu

အီဆိမ်မုန့် လုပ်ငန်း ဈေးကွက်

Powered by Drupal

         ဒေသထုတ်ကုန်ဖြစ်သော “ကောင်းဆက်မွန်” အီဆိမ့်မုန့်လုပ်ငန်းအား ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့် သာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

         အီဆိမ့်မုန့်လုပ်ရာတွင် ဂျုံ၊ သကြား၊ ဆီ ဖြင့်လုပ်ကိုင်ဆောင်ရွက်ပြီး  ၁လလျှင် ၄ကြိမ် ထုတ်လုပ်ရကြောင်း၊  ပါဝင်မှု ကုန်ကြမ်း ဂျုံ၊ သကြား  ပါဝင်ပြီး ထုတ်လုပ်ကြောင်း ပြုလုပ်ပုံမှာ ဂျုံကို နှဲ၍ အလုံးအနေတော် တစ်ထားကာ အပွခံပြီး နာရီဝက်အကြာတွင် ဆီဖြင့်ကျော်ရသည်။ သကြားကို ကျိုထား၍ ဂျုံကိုနှစ်ကာ အအေးခံပြီး အိတ်သွပ်ရသည်။ ပါကင် ၁အိတ်လျှင် အီဆိမ့် ၄ခုပါ တစ်ထုတ်၊ လက်ကားဈေး ၁၇၀၀ကျပ်၊ အီဆိမ့် ၅လုံးထုတ် တစ်ထုတ်လျှင် ငွေကျပ် ၁၂၀၀ကျပ်၊ အီဆိမ့် မုန့်လက်ကောက်ကွင်း ၁ခု တစ်ထုတ်လျှင် ၇၀၀ကျပ် လက်ကား ဈေးပေးဖြင့် ရောင်းချရသည်။ ၁ကြိမ် ထုတ်လုပ်ပါက အီဆိမ့် ၄လုံးထုတ် ၆၅၀ ထုတ်၊ အီဆိမ့် ၅လုံးထုတ် ၁၅၀၀ထုတ်၊ အီဆိမ့် ၁လုံးထုတ် ၃၀၀၀ထုတ် ထွက်ရှိကြောင်းသိရသည်။

            ကုန်ကျစရိတ်အနေဖြင့် တစ်ခါထုတ်ပါက ၁၀၅၅၀၀၀ကျပ် ကုန်ကျကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး ၅၀၀၀၀၀ /-ကျပ် ရရှိပါသည်။ ရောင်းအားကောင်းမွန်၍ ရောင်းချမှုအနေဖြင့် ဖျာပုံ၊ ကျိုတ်လပ်၊ မော်ကျွန်းမြို့နှင့် မအူပင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပြီး ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဒေသထွက်ကုန် မုန့်လုပ်ငန်း ဖွဲ့ဖြိုးတိုးတက်ရေး ကိုဦးစားပေးလုပ်ကိုင်လျှက်ရှိပြီး အဆာပြေ အီဆိမ့်မုန့်ကို လူမျိုးဘာသာမရွေးစားသုံးနိုင်ကြောင်း လုပ်ငန်းရှင်ပြောပြချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)