Main menu

မြိတ်မြို့တွင် ဆန်နှင့် စားအုန်းဆီ အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေး စားအုန်းဆီအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား ကွင်းဆင်း လျက်ရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ ကန်ကြီးရပ်ရှိ စားအုန်းဆီအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးများနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့်ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာနှင့် ဖြစ်သင့်ဖြစ်ထိုက် သောစျေးနှုန်းများဖြင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)