Main menu

ကော့သောင်းမြို့အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး        ဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂ ခုနှစ်၊ စက်တင်ဘာ၂၂ ရက်နေ့၊ နံနက်(:၀၀)အချိန်တွင် ကော့သောင်းမြို့ ‌ရွှေမင်းဝံရပ်ကွက်၊ အထက(ခွဲ)ရွှေမင်းဝံစာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာမှ စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင် သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး အထက(ခွဲ)ရွှေမင်းဝံစာသင်ကျောင်းရှိ ကျောင်းမုန့်စျေးတန်းများတွင် သက်တမ်းလွန်စားသောက် ကုန်များနှင့် စားသုံးရန်မသင့်သောစားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တာရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)