Main menu

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အွန်လိုင်းစျေးဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈  ရက်နေ့ နံနက်(၉:၀၀) နာရီ အချိန်တွင် ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် အမျိူးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင်  အွန်လိုင်းစျေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး ခြင်းအား ဆရာ/ဆရာမ၊ သင်တန်းသူများ စုစုပေါင်း(၂၀)ဦးတို့အား အွန်လိုင်းစျေးဝယ်ယူခြင်းနှင့် ပတ်သက်၍ မိမိ ဝယ်ယူမည့်Pageနှင့် Wesbiteတို့သည် စားသုံးသူများအကြား နာမည်သတင်း ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှုရှိ/မရှိ စိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသောစနစ်ရှိ/မရှိ၊ သတ်မှတ်ထားသည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိထားရမည်ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက် အလက်များပေးအပ်ရန်လိုအပ်လာပါက ကျိူးကြောင်းခိုင် လုံမှုရှိ/မရှိ သတိထားရမည့်အကြောင်းအရာများ စသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)