
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင်(၁၀၀၀) ကျပ်မှ (၂၀၀၀ -၂၅၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်၍ ဈေးကွာကြောင်းသိရသည်။ ပဲတောင့်ရှည်ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀ -၂၀၀၀) ကျပ်အထိ အစည်းအကြီးအသေးပေါ်မူတည်ပြီး ကွဲပြားကြောင်း သိရှိရသည်။ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို မြို့ထဲရှိ ရေခြံစိုက်ပျိုးရေး လုပ်ကိုင် သူများနှင့် အနီးနားရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ရွာများမှ လာရောက်ရောင်းချကြကြောင်း လည်းသိရှိရသည်။
DOCA(ရှမ်း)