
(၂၂-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၄:၃၀)နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည် One Stop Mart သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ One Stop Mart တွင်ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်းနှင့် စစ်ဆေးရေးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိ သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်း ချခြင်း ရှိ/ မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့်အခန်း (၁၇)ပါ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)