
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများသည် ၂၂-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက် (၂)စက်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးဇော်မင်းခရိုင်ဦးစီးမှူးက မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် ဖြစ်သည့် အောင်ဗိုလ်မင်း ငါးပုံဟာလာဆန်စက်နှင့် ခိုင်ရတာနာ ငါးပုံဟာလာ ဆန်စက်မှ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှု၊ ရေစစ်ကန်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Gasifier အသုံးပြုဆန်စက်များမှ ထွက်ရှိသော ရေဆိုးများကို ပြန်လည်သန့်စင်ရန် ရေဆိုးစစ်ကန်ကို အုတ်ကျိုး၊ ဖွဲပြာ၊ ဗေဒါ၊ မီးသွေး အဆင့်လေးဆင့်ဖြင့် စနစ်တကျစစ်ထုတ်ကာ Recycle ပြုလုပ်ပြီး ရေသန့်ပြန်လည်ရရှိရေး၊ ရေဆိုးစစ်ကန်များ စနစ်တကျပြုလုပ် ၍ လည်ပတ်နိုင်ရေး၊ လျှပ်စစ်အင်ဂျင် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေး၊ Gasifier ဓာတ်ငွေ့တွင် ကတ္တရာပါဝင်မှုလျော့ကျစေရေး နည်းပညာအသစ်များအသုံးပြု၍ ဆောင်ရွက်သွားရန်ဆန်စက်ရှိဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး၊ အနံဆိုးများမထွက်စေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် Gasifier ဖွံဖြိုးတိုးတက်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)