Main menu

  မြန်အောင်မြို့နယ် စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၁၈.၉.၂၀၂၅) ရက် နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌    မြန်အောင်မြို့နယ် စားသုံးသူရေးရာ ကော်မ တီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး Talk Show အစီ အစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကော်မတီဖွဲ့စည်းခြင်းကို မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင်(၁၇.၉.၂၀၂၅)ရက်နေ့တွင် ဒုတိယကြိမ်မြောက်ဖွဲ့စည်း ဆောင် ရွက်ခဲ့ပါသည်။ ထိုသို့ကော်မတီဖွဲ့စည်းရာတွင် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ကော်မတီဥက္ကဌ နှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်ဦးရေ ငါးဦးမှ ကိုးဦးထိ”မ”ဂဏန်းဖြင့် ဖွဲ့စည်းထားပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးနိုင်ရန် တာဝန်ပေးအပ် စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

EYDNS (DOCA ဧရာဝတီ)