
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအသိပညာပေးTalk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်း ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ် တကျစာရင်း ပြုစု မှတ် တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ www.myro. com.mm တွင် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာထားပြီး ဖြစ်ပါသည်။ ဆန်စပါးလုပ်ငန်း ရှင်များအနေဖြင့် မိမိတို့သိုလှာင်ရုံသည် ဆန်တန်ချိန်အားဖြင့် ၅၀ တန်၊ စပါးတင်းအနေဖြင့် ၅၀၀၀ အိတ် အထက်မှစ၍ သိုလှောင်ရုံမှတ်ပုံတင်ရမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ စ၍ ဆန်တန်ချိန် (၂၅)နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူများပါ သတ်မှတ်ထားသည်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
EYDNS (DOCA ဧရာဝတီ)
