
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ (၃)ဦး တို့သည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၅၂)၊ လှိုင်မြစ် လမ်းမပေါ်ရှိ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart တာဝန်ခံ ဒေါ်နှင်းမွန်အောင် ပါဝင်လျက် ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်း(၃)မျိုး၊ အသင့်သောက်အချိုရည်(၃)မျိုး၊ အရန်သင့် အစားအစာများ(၇)မျိုး၊ အဟာရဖြည့်စွက်စာများမှ (၂)မျိုးနှင့် လူသုံးကုန်ပစ္စည်းများမှ (၃)မျိုးခန့် အား စစ်ဆေးခဲ့ရာ ယခင်အပတ်ထက်၊ ယခုအပတ်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ပစ္စည်းများ လည်းပြတ်လပ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် အချက်များကို သေချာစွာ လိုက်နာဆောင်ရွက်သွားရန်တို့ကို အသိပေးပြောကြားခဲ့ ကြောင်း သိရှိရ ပါသည်။
DOCA (ရန်ကုန်)
