
၂၀.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး (အတွင်းရေးမှူုး)နှင့်တာဝန်ရှိသူများ၊ သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန် ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေး မှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့် ကုမ္မ ဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အရှေ့ဒဂုံမြို့နယ်၊ (၁၂၅) ရပ်ကွက်နှင့် (၆) ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
