
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ကော့မှူး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကော့မှူးမြို့နယ်ရှိကျေးရွာများသို့ စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ တောင်သူအသိပညာပေးခြင်းအား ကော့မှူးမြို့နယ်ရှိ လာဝတီ၊ လက်စိုက်၊ ဆပုဂံ ကျေးရွာအုပ်စုများရှိ တောင်သူ (၁၀၀)ဦးခန့်အား လာဝတီကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးညွှန့်နွယ်က ဓာတ်မြေဩ ဇာအိတ်နှင့် Dum Seeder ခွဲဝေဖြန့်ဖြူးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်ပြောင်း လဲရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများအား ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း လယ်ယာမြေများ အတွင်း ကျုးကျော်အသုံးပြုမှုများ၊ အခြားနည်းအသုံးပြုခွင့်လျှောက်ထားမှုများ စာကျက်မြေ/မြေ လွတ်မြေလပ်များအတွင်း ကျူးကျော်အသုံးပြုမှုများ မရှိစေရေးတို့အတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စံပြုလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တောင်သူ အသိပညာပေးခြင်းအား အသေးစိတ် ရှင်းလင်းဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။
DOCA (ရန်ကုန်)