
ဓနုဖြူမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် ဓနုဖြူမြို့နယ် အမှတ် ၅ရပ်ကွက်၊ အမှတ်၇ ရပ်ကွက်၊ အမှတ် ၉ရပ်ကွက် အတွင်း ရှိ ဆန်ဆိုင်များဖြစ်သော ရွှေဝါးမိုးဆန်ဆိုင်၊ စွမ်းဆန်ဆိုင်၊ ဒေါ်ကြည်ကြဉ်မြင့် ဆန်ဆိုင်၊ မိဘမေတ္တာ ဆန်ဆိုင် တို့မှရောင်းချနေသော ကုန်စည်များ ကုန်စျေးနှုန်းတည်ငြိမ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၂-၉-၂၀၂၅)ရက်နေ့၊ နံနက်(၁၁)အချိန်တွင် သတ်မှတ်ရည်ညွှန်း စျေးများနှင့် ဒေသတွင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင်များဖြင့် ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန် မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားရှိမှုများ မဖြစ်စေရေးနှင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း ဖော်ပြ၍ ရောင်းချခြင်း ရှိ မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချသွားရန် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)