Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၂-၉-၂၀၂၅ ရက်နေ့ နေ့လယ်  ၁၂ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

     အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်း လင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့ မဟုတ်ဝန်ဆောင်မှုနှစ်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေး ယင်းအသင်းအဖွဲ့များ အားကောင်းခိုင်မာမှု ရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် ၊ ဝန်ဆောင်မှုများကို အမြန်ဆုံးအရေယူဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးရန် တို့ကို အများပြည်သူ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)