Main menu

ဆက်သွယ်ရေး ဝန်ဆောင်မှုဦ အွန်လိုင်းငွေကြေး လိမ်လည်မှု  နှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများ သည်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာဝန်ထမ်းများအား  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန့်မတွင် ဆွေးနွေး အသိပညာပေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဌာနဆိုင်ရာ ဝန်ထမ်းများကို စားသုံးသူကာကွယ် ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံ ချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှု ပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်း ဆိုပိုင်ခွင့်ရှိကြောင်းနှင့် စားသုံးသူအခွင့် အရေးကိုလည်းကောင်း၊ တာဝန်များကိုလည်းကောင်း အွန်လိုင်းငွေကြေး လိမ်လည်မှုများ နှင့်စပ်လျဉ်း ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ဌာနဆိုင်ရာဝန်ထမ်း ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)