
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၁၉-၉-၂၀၂၅ ရက်နေ့ နံနက်(၀၉:၄၀) အချိန်တွင် ညောင်တုန်းမြို့နယ် အမှတ်(၄)ရပ်ကွက် လက်လီဆီကိုယ်စားလှယ် ဦးမင်းသူဟိန်း အရောင်းဆိုင်မှ ၁၉-၉-၂၀၂၅ ရက်နေ့သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုအား သတ်မှတ်ချက် များနှင့်အညီ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တွင်း စားသုံးသူပြည်သူများ သက်သာ သော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်ပေးသော စားအုန်းဆီများကို လက်လီ အရောင်းများမှ အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ ၊ လစဉ် ပုံမှန်ရောင်းချပေးမှုရှိ/မရှိ၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့် တစ်အိမ်ထောင်လျှင် သတ်မှတ်ရက် ၁၀ရက်တစ်ကြိမ် ၃ကြိတ်ထုတ်ယူခွင့်ဖြင့် ၁ပိဿာ ၅၀ကျပ်သား အပြည့်အဝရောင်းချ ခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
