
စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၁၉.၉. ၂၀၂၅) ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ခန်းမတွင် ဆန်လက်ကား/ လက်လီ ရောင်းချသည့် ဆိုင်တာဝန်ခံ ၇ဦး နှင့် တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ဆန်ရောင်းချသည့် လုပ်ငန်းရှင်များကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လက်ရှိ ဆန်ရောင်းချနေမှု အခြေအနေများ၊ ဒေသတွင်းဆန်များ ပြတ်လပ်မှု ရှိမရှိ၊ စားသုံးရန် ဖူလုံခြင်းရှိမရှိ၊ လစဉ်သတ်မှတ်ရည်ညွှန်ဈေးများထုတ်ပြန်ထားပြှီး ရည်ညွှန်ဈေးထက်အဆမတန် မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ယခုအချိန်တွင် စပါးများထွက်ပေါ်လာပြီး ဝယ်ယူကြိတ်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိမရှိနှင့် ဆန်ဆိုင်များမှ ဆန်လက်ကျန်အခြေအနေများကို မေးမြန်း ခဲ့ပြီး ဆန်ဆိုင်များ သိုလှောင်ရုံမှတ်ပုံ တင်ခြင်းလုပ်ငန်းများ တစ်နှစ်ပြည်မီပါက ထပ်မံ သက်တမ်း တိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်ကို မှာကြားရှင်းလင်းပြီး ရောင်းဝယ်လျက်ရှိသော အခြေခံဆန် ဈေးနှုန်းများ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက ထုတ်ပြန်ထားသည့် ဈေးနှုန်းများ အလိုက် ရောင်းချနိုင်ရေး၊ ဆန်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအရည်အသွေး များ ပြည့်မီရေး၊ ဈေးကစားခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ရေးနှင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောဆန်များ ဖြစ်ရေးတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးသည်။
DOCA(ဧရာဝတီ)