
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ၊ ၁၃း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် စျေးကွက်အတွင်း DUMEX DUPRO ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ ရောင်းချနေမှုများ ရှိ/မရှိ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ Mo Asia Co,.Ltd ကိုယ်စား လှယ်ဆန်းသစ်မုန့်တိုက်နှင့် ကုန်စုံဆိုင်များ၊ ဆေးဆိုင်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ DUMAX DUPRO ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးရာတွင် DUMAX DUPRO ကလေးငယ်ဖော်စပ်စာများအား Mo Asia Co,.Ltd ၏ ထားဝယ်ကိုယ် စားလှယ် ဆန်းသစ်မုန့်တိုက်မှ ထားဝယ်မြို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကုန်စုံဆိုင်များ၊ ဆေးဆိုင်များတွင်လည်း ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးရောင်းချနေမှုများ မရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)