Main menu

ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး နှင့်  ဝန်ထမ်းများ စက်မှုလက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုတို့ဖြင့် ဒေသ တွင်းရှိ MSMEလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်း လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ဆီစက်လုပ်ငန်းများသို့ လစဉ် ကွင်းဆင်းစစ်ဆေးတွေ့ဆုံဆွေးနွေးခြင်းကို ၁၈-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးဇော်မင်းနှင့် ဝန်ထမ်းတို့သည် ရေလဲ ရွှေတောင်ပေါ်ကျေးရွာရှိ  နေကြာဆီနှင့် မြေပဲဆီစက်ကြိတ်ခွဲသော လုပ်ငန်းသို့ သွား‌ရောက်၍ ကွင်းဆင်းတွေ့ဆုံခဲ့ ကြောင်းသိရသည်။   ဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင် လုပ်ငန်းခွင့် အဆင့် ဆင့် ကို ကြည်ရှုစစ်ဆေးခဲ့ပြီး၊ ဆီစက်လုပ်ငန်း လိုင်စင် နှင့်စပ်လျဉ်းသည့် လုပ်ငန်းများကို စက်မှု ကြီးကြပ်မှ စစ်ဆေးဆောင်ရွက်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဆီထုတ်လုပ်မှုနှင့် ကုန်ကြမ်း ဝယ်ယူရရှိမှု အခြေအနေများ၊ ဆောင်သီးနှံ စိုက်ပျိုးထွက်ရှိမှု မှ ဆီကြိတ်ခွဲရရှိမှု အခြေအနေများကို မေးမြန်းပြီး ထုတ်လုပ် ကုန်စည်၏ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် ကိုက်ညီမှု ရှိစေရန်စစ်ဆေး ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့သည်။ ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်း ဖြစ်ကြောင်း၊  ဆီထွက်သီးနှံများကို အခြားဒေသမှ မှာယူကြိတ်ခွဲ ကြောင်း တာဝန်ခံက ဆီစက်မှ မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ ကြိတ်ခွဲကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်

DOCA(ဧရာဝတီ)