Main menu

Gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ၁၉-၉-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

            ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံ ညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နည်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးခိုင်လွမ်းမိုးနှင့်အဖွဲ့ မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်(၉) စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့် စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)