Main menu

ဈေးကွက်မရောက်မီ ကုန်စည်ဖြစ်သော ပဲမုန့်လုပ်ငန်ူများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ၁၉-၉-၂၀၂၅ နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် ကျားပဲမုန့် လုပ်ငန်း၊ ဓနဟိန်းပဲမုန့်လုပ်ငန်း၊ ကျားသစ်ပဲမုန့် လုပ်ငန်းတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်းလင်း ဒုဦးစီးမှူးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသောက် ကုန်လုံခြုံစိတ်ချရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ မုန့်ထုတ်လုပ်သော ကုန်ကြမ်းနှင့် လုပ်ငန်းခွင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊  အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးအသိပညာပေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)