Main menu

ပန်းတနော်မြို့နယ် ဆန်စပါး ကုန်သည်များနှင့် တွေ့ဆုံ ဆွေးနွေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ၁၈-၉-၂၀၂၅ ညနေ ၃ နာရီခွဲအချိန်က အရည်အသွေးပြည့်မီသော ပေါ်ဆန်းထွက်ပေါ် လာရေး အတွက် မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုန်သည် များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးမူဝါဒနဲ့ပတ်သက်ရင် နိုင်ငံတော်က သတ်မှတ်ထားတာ ပြည်တွင်းဖူလုံဖို့က အဓိကဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း မြင့်တက် နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကက လှောင်လက်တွေများတယ်။ ဈေးကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီလိုအကြောင်းတရားတွေကို စိစစ် ဖော်ထုတ်ပြီး ဆောင်ရွက်ဖို့လိုကြောင်း၊ ဈေးနှုန်းမြင့်တက်မှု မရှိရေး ကွင်းဆင်းစိစစ်သုံးသပ်ချက်များ ဌာနအနေဖြင့် တင်ပြဆောင်ရွက်ရပြီး၊ ပြည်တွင်းစားသုံးမှု ပိုလျှံသော ဆန်များကို ရန်ကုန်တင်ပို့ ခြင်းများ ၊ ရန်ကုန်မှ ပြည်ပတင်ပိုခြင်း လုပ်ငန်းများ ပြည်တွင်ကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ် တိုးတက် မှုများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ သူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ ၁၅ ဦးမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)