Main menu

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဒေါ်ခင်ခင်သီဆန်လက်လီလက်ကားအရောင်းဆိုင်သို့ ကွင်းဆင်းခြင်းး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ‌ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း ဦး ဆောင်၍  ကျောက်ပန်းတောင်းမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ‌ဒေါ်ခင်ခင်သီ ဆန်ဆိုင်သို့ ၁၂-၉-၂၀၂၅ ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။ 

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်ခင်ခင်သီဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ဖန်သီးသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၇၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)