
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်နိုင် ရေး အတွက် ကျပန်းစကားပြောပြိုင်ပွဲကို ၁၉.၉.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး၊ မိတ္ထီလာခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်း(၁)ဦး ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း ဝန်ထမ်း(၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် မြင်းခြံခရိုင် ဦးစီးမှူးရုံးတို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများမှ video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မည့် ခေါင်းစဉ်အား တိုင်းဒေသကြီးဦးစီးမှူးမှ မဲနှိုက်ပေးခဲ့ရာ ပထမဦးစွာ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချောစုထွေး၊ ဦးစိးမှူးက ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ‘နိုင်ငံ့စီးပွားမြှင့်တင်ရေး စားသုံးသူအခွင့်အရေး ဦးစားပေး’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)က ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ‘ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ခေါင်းစဉ်များဖြင့် တစ်ဦးလျှင် ဖြေဆိုချိန်မိနစ်(၁၅)အတွင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပါသည်။ ကျပန်းစကားပြောပြိုင်ပွဲကို တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ နှင့် အကဲဖြတ်ဒိုင်များက စနစ်တကျအနီးကပ်ကြီးကြပ် ၍ အမှတ်ပေး ဆုံးဖြတ် ခဲ့ကြ ပါသည်။ကျပန်းစကားပြောပြိုင်ပွဲ တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)မှ ပထမဆု၊ မြင်းခြံခရိုင်ဦးစိးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဒုတိယဆုနှင့် ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)မှ တတိယဆု အသီးသီးရရှိခဲ့ကြပြီး ဆုရရှိသူ များကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
