Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်နှင့်စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊  ထားဝယ်ခရိုင်ဆန်စပါးကုန်သည်အသင်း၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၂)ပြည် နှင့် စားအုန်းဆီ(၁)ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)