
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ စိတ္တသုခလမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ တိုးတိုး အွန်လိုင်းလုပ်ငန်းရှင်နေအိမ်၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ Online စနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်း ထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထား စဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင် တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ် တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအား အသိပညာပေး အကျယ်တဝင့်ရှင်း လင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)