Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံတန်ဖိုးရရှိခဲ့သည့် ဗီယက်နမ်၏ Hung Yen ပြည်နယ်

Powered by Drupal

            ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Hung Yen ပြည်နယ်သည် အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံတန်ဖိုးရှိသော စီမံကိန်းသစ်နှင့် တိုးချဲ့စီမံကိန်း ၂၄၃ ခု ရရှိခဲ့ပြီး ထိုစုစုပေါင်းတန်ဖိုးထဲတွင် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) စီမံကိန်း ၉၉ ခုပါဝင်ကြောင်း သိရပါသည်။ ပြည်နယ်ဘဏ္ဍာရေးဦးစီးဌာန၏ အဆိုအရ ဩဂုတ်လတစ်လတည်းတွင် Hung Yen သည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိသော စီမံကိန်းသစ် ၂၆ ခုကို လိုင်စင်သို့မဟုတ် မူအားဖြင့်ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်သည် ယခုအချိန်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံကျော်တန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၉၀၃ ခုနှင့် ပြည်တွင်းစီမံကိန်း ၃၀၁၄ ခုကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိရပါသည်။ စီမံ ကိန်း ၁၁၀၀ ကျော်မှာ စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များတွင် တည်ရှိကြောင်း သိရပါသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၅၄၄ ခုရှိပြီး ပြည်တွင်းစီမံကိန်း ၅၈၁ ရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် ရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၈ လတာကာလတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၄၄ ခုမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၄.၇ ဘီလီယံကျော်ရှိသော်လည်း ပြည်နယ်အာဏာပိုင်များက FDI ကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ Hung Yen သည် များစွာသောအဓိကကော်ပိုရေးရှင်းများထံမှ ကိုယ်စားလှယ်အဖွဲ့များ၏ အခွင့်အလမ်းများရှာဖွေမှုကို လက်ခံရရှိနေသည့်အတွက် အနာဂတ် တွင် အကြီးစားစီမံကိန်းများအတွက် မျှော်မှန်းချက်ရှိနေကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်း ပြည်နယ်သည် ကုန်ထုတ်လုပ်ခြင်း၊ စက်မှုဇုန်၊ cluster အခြေခံအဆောက်အအုံ၊ နည်းပညာမြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ မြို့ပြနှင့် အိမ်ရာထူထောင်ခြင်း၊ အပန်းဖြေစခန်းစတိုင်အိမ်ရာဧရိယာနှင့် ဝန်ဆောင်မှုအခြေပြုမြို့ပြဇုန်များ အစရှိသည့် လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် ဦးစားပေးလျှက်ရှိကြောင်း သိရ ပါသည်။ အခြားအဓိကထားသည့်ဧရိယာများတွင် သယ်ယူပို့ဆောင်ရေး၊ ကျန်းမာ‌ရေး စောင့်ရှောက်မှုနှင့် ရေသန့်စင်ရေးလုပ်ငန်းတို့ပါဝင်ကြောင်း သိရပါသည်။ အာဏာပိုင်များသည် လည်း သက်ဆိုင်ရာအေဂျင်စီများနှင့် အကြံပေးပုဂ္ဂိုလ်များအား Hung Yen လွတ်လပ်သော စီးပွား ရေးဇုန်ကို Thai Binh စီးပွားရေးဇုန်ပုံစံတည်‌ထောင်ရန်အတွက် အဆိုပြုချက်မူကြမ်းရေးဆွဲရန် ညွှန်ကြားထားကြောင်း သိရပါသည်။

DOCA(ရန်ကုန်)