Main menu

စပါးလင် စိုက်ပျိုးမှု မှ မိသားစု အပိုဝင်ငွေရ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ရေလဲကျေးရွာတွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုး လုပ်ကိုင်ကြရာ စပါးလင်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ရေလဲကျေးရွာတွင် စပါးလင်ပင်များကို အိမ်ဘေးရှိ မြေကွက်လပ်များတွင်လည်းကောင်း၊ အပင်များခွဲ၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ပျိုးကြောင်း နွေရာသီကာလတွင် အပင်ထွက်နှုန်း နည်း၍  မိုးတွင်း ကာလတွင်  အပင်ထွက်နှုန်းများကြောင်း  စပါးလင် (၁) စည်းလျှင် (၅၀၀)ကျပ် ရရှိပြီးရရှိသော စပါးလင်ပင်များကို ရေလဲ ဈေးအတွင်း ဖောက်သည်သွင်းကြောင်း သိရသည်။

      မအူပင်မြို့၊ ရေလဲကျေးရွာ ပြည်သူများသည် နှစ်တိုနှစ်ရှည်ပင်များကို တစ်နိုင်တစ်ပိုင် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း  စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)