Main menu

ကျေးရွာသမဝါယမအသင်းများသည် နိုင်ငံတော်စီးပွားရေးအင်အားဖြစ်လာနိုင်ကြောင်း ဝန်ကြီးပြောကြား

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံသမဝါယမဝန်ကြီး Ferry Juliantono က Red and White ကျေးရွာသမ ဝါယမအသင်းများသည် နိုင်ငံ၏စီးပွားရေး ၈ ရာခိုင်နှုန်းကြီးထွားမှုရည်မှန်းချက်ကို အကောင် အထည်ဖော်ရာတွင် ပံ့ပိုးပေးနိုင်မည့် စီးပွားရေးအင်အားဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။  စက်တင်ဘာလ ၁၁ ရက်နေ့ကကျင်းပခဲ့သည့် Great Lecture ဆွေးနွေးပွဲတွင် ဝန်ကြီးက စီးပွားရေးကြီးထွားမှုသည် အများပါဝင်နိုင်ပြီး ညီမျှမှုရှိရမည်ဖြစ်ပြီး သို့မှသာ လူမှုအသိုက်အဝန်း အဆင့်အတန်းအားလုံးသည် အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ ၎င်းကို သမဝါယမ အသင်းများမှတစ်ဆင့် အကောင်အထည်ဖော်နိုင်ကြောင်းနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုသည် ကြီးမားသောအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုကြီးများပေါ်တွင်သာ မမူတည်သင့်ပဲ အငယ်စား နှင့်အသေးစားလုပ်ငန်းများပါ လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက သမဝါယမအသင်းများသည် အတူတကွရှိမှုမူဘောင်ကို ဦးစားပေးသည့် ပြည်သူ့စီးပွား ရေး၏စင်မြင့်တစ်ခုဖြစ်လာရန် အဓိကအခန်းကဏ္ဍတွင် ရှိနေကြောင်း အသားပေးပြောကြားခဲ့ပါ သည်။ ဝန်ကြီး၏အဆိုအရ အသင်းအဖွဲ့အားကောင်းခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် မှန်ကန်သောမူဝါဒပံ့ပိုးမှုများမှတစ်ဆင့် သမဝါယမအသင်းများသည် စီးပွားရေးကြီးထွားမှု ၈ ရာခိုင်နှုန်း ရရှိရေးတွင် အဓိကအင်အားတစ်ခုဖြစ်လာနိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာ ပင် ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က မှန်ကန်သောငွေကြေးပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှု အားကောင်းခြင်းနှင့် သက်ဆိုင်သူအားလုံးတက်ကြွစွာပါဝင်ခြင်းနှင့်အတူ လာမည့် ၂ နှစ်မှ ၃ နှစ် အတွင်း ၈ ရာခိုင်နှုန်းစီးပွားရေးကြီးထွားမှုမှာ ဖြစ်နိုင်ချေရှိကြောင်းနှင့် စီးပွားရေးညီတူညီမျှရှိမှသာ သက်ဆိုင်သူအားလုံး အကျိုးကျေးဇူးကို ခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ Prabowo Subianto သည် ကျေးရွာစီးပွားရေးအားကောင်းရန် Red and White ကျေးရွာသမဝါ ယမပရိုဂရမ်အောက်တွင် နိုင်ငံတစ်ဝှမ်း သမဝါယမအသင်း ၈၀၀၀၀ ပတ်လည်ကို တရားဝင် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ သမဝါယမအသင်းများသည် ကျေးရွာများ တွင် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း ဝန်ဆောင်မှုအချက်အချာအဖြစ်ဆောင်ရွက်ပြီး ငွေစုခြင်း၊ ငွေချေးခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဟုသိရပါသည်။

DOCA(ရန်ကုန်)