
(၁၇. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ရပ်ကွက်များရှိှိတိုးဆိုင်ကြီးများနှင့် Minimark ဆိုင် ၁၂ဆိုင် တို့သို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
မြို့နယ်တွင် ရောင်းချနေသော ကုန်စည်များတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်အညွှန်းဖော်ပြ ပါဝင်ခြင်း ရှိ/မရှိ၊ ကုန်စည် ထပ်ပိုး အညွှန်းကပ်နှိပ် ဖော်ပြပါဝင်ခြင်း ရှိမရှိ၊ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ပြည်ပတင်သွင်းထားသောတရားဝင်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ကုန်စည်များနှင့် ပတ်သတ်၍ အမိန့်ညွှန်ကြားချက်များကို လုပ်ငန်းရှင်တို့သိရှိနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
