Main menu

“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

Powered by Drupal

          စက်တင်ဘာလ တတိယပတ်တွင် သုံးခွမြို့နယ်၏ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၄၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ် ရှည်တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၆၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မကျီးသီးတစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်း သိရသည်။

     အခြေခံစားကုန်( ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိသေးကြောင်း၊ ကုန်ခြောက်ပစ္စည်းများမှာ မြို့နယ်အတွင်းသို့ တစ်ရက်ခြားတစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိပြီး အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)