
ထိုင်းနိုင်ငံသို့ တင်ပို့သော တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများသည် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးလွှဲပြောင်းခြင်း များအတွက်အန္တရာယ်များသောကဏ္ဍများဖြစ်သည့် မော်တော်ယာဥ်နှင့် လူသုံးကုန်သုံး ပစ္စည်းများ ကို စောင့်ကြည့်လျက်ရှိကြောင်း သိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးမူဝါဒနှင့် နည်းဗျူဟာဦးစီးဌာန (TPSO) သည် ထိုင်းနိုင်ငံသို့ တင်ပို့သည့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများသည် စျေးနှုန်း သိသာစွာမြင့်တက်လျက်ရှိကြောင်း အစီရင်ခံစာ တင်ပြီးနောက်တွင် ကုန်သွယ်ရေးလွှဲပြောင်းမှုများကို လေ့လာလျက်ရှိကြောင်း သိရပါ သည်။ အဆိုပါလေ့လာမှုများအရ တရုတ်နိုင်ငံမှကုန်ပစ္စည်းများသည် ထိုင်းစျေးကွက် လွှမ်းမိုးနိုင် ခြေရှိပြီး ကုန်ပစ္စည်းပေါင်း ၁၁၄၉ ခုကိုတင်တရုတ်နိုင်ငံမှ တင်သွင်းခဲ့ကာ မော်တော်ယာဥ်နှင့် လူသုံးကုန် ပစ္စည်းကဏ္ဍတွင် အန္တရာယ်ရှိသော ကုန်ပစ္စည်း ၂၄ ခုနှင့် စောင့်ကြည့် ပစ္စည်း ၁၆၆ ခု ကို တင်သွင်းခဲ့ကြောင်း သိရပါသည်။ TPSO ၏ ဒုတိယညွှန်ကြားရေးမှူးဆိုသူ Natiya Suchinda က တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ ကုန်သွယ်ရေးအတွက် အန္တရာယ်ရှိသော ကုန်ပစ္စည်းများကို တင်သွင်းနေကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းက အဆိုပါကိစ္စရပ်ကို ဖြေရှင်းရန်အတွက် ရေရှည်နှင့် ရေတိုမူဝါဒများကို လမ်းညွှန်ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းပမာဏ ဝင်ရောက် မှု များပြားလာခြင်းသည် စားသုံးသူများအတွက် ပိုမိုရွေးချယ်နိုင်ခွင့်ရှိသော်လည်း ထိုင်းနိုင်ငံ ပြည်တွင်းထုတ်ကုန်များအတွက် အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ပြီး ထိုင်းနိုင်ငံမှ အသေးစား၊ အလတ်စားလုပ်ငန်းများ SMEs များအတွက် ယှဥ်ပြိုင်နိုင်မှု အခွင့်အရေးများကို ဆုံးရှုံးစေနိုင် ကြောင်း သိရပါသည်။ အဆိုပါမြင့်တက်ခြင်းကြောင့် ထုတ်လုပ်နိုင်မှုစွမ်းရည်များကို လျော့ကျစေ နိုင်ပြီး အလုပ်လက်မဲ့နှင့် ကုန်သွယ်ရေးကျဆင်းမှုများကို ကျဆင်းစေကာ စီပွားရေးကို ထိခိုက်စေ နိုင်ကြောင်း သိရပါသည်။ အန္တရာယ်များပြီး စောင့်ကြည့်ဆဲပစ္စည်းများထဲတွင် ကုန်ကျမှုစရိတ် အတွက် အကျိုးရှိစေပြီး ပြည်တွင်းထုတ်လုပ်မှု ကဏ္ဍအတွက် တိုးတက်စေနိုင် သည့် မြို့ပြသုံး ကုန်ပစ္စည်းများနှင့် စက်မှုသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်းသိရပါသည်။ သို့ရာတွင် တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အလွန်အကျွံမှီခိုခြင်းသည် ထိုင်းနိုင်ငံ၏ စျေးကွက်ကို မတည်ငြိမ်မှုများဖြစ်ပေါ်စေနိုင်ပြီး အနာဂတ်တွင် ထောက်ပို့မှု ဖြတ်တောက်ခြင်းများကို ဖြစ်ပေါ် စေနိုင်ကြောင်း သိရပါသည်။ စားသုံးကုန်ပစ္စည်းများဖြစ်သော အရက်၊ အဖျော်ယမကာ၊ အဝတ် အထည်နှင့် ပလက်စတစ်ပရိဘောဂများသည် ပြည်တွင်း ထုတ်လုပ်သူများနှင့် တိုက်ရိုက် ယှဥ်ပြိုင် နိုင်သော်လည်း အန္တရာယ်ရှိသော ပစ္စည်းများအဖြစ် ထိုင်းနိုင်ငံမှ သတ်မှတ်ထားပါသည်။ အဆိုပါ တရုတ်နိုင်ငံမှ ပစ္စည်းများအပေါ် အလွန်အကျွံမှီခို ခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို အထူး သဖြင့် SMEs များအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)