Main menu

ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့အား ၁၂.၉.၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီတွင်လည်းကောင်း၊  ဖြူးမြို့နယ်၊ စာရေးလမ်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး တို့အား နေ့လယ်  ၁ နာရီတွင်လည်းကောင်း သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မုန့် များနှင့်အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် မုန့်နှင့်အချိုရည်များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေး အလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအား ပန်းချီကားချပ်ပုံပြင်များ၊ စာအုပ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)