
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ မြို့နယ် တာဝန်ခံဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးသည် ၁၄.၉.၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အုတ်တွင်း မြို့နယ်ဈေးရပ်ကွက်၊ ကြက်သွန်ခင်းရပ်ကွက်များနှင့် ပဲခူးလမ်းရှိ ကုန်စုံဆိုင်များတွင် စားအုန်းဆီ ရောင်းချနေမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီ လက်လီ/ လက်ကားရောင်းချပေးသော ဆိုင်ပိုင်ရှင် ဦးဘာဆန်ကူးမားနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့အပြင် မြို့နယ်တာဝန်ခံသည် အဆိုပါဆိုင်ပိုင်ရှင်အား ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူစရိတ်ပေါင်း၍ ၂ ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ ထံသို့ ဈေးနှုန်း မှန်ကန်မှုနှင့်အလေးချိန်မှန်ကန်မှုရှိစေရေး၊ အမှတ်တံဆိပ်ပါစားအုန်းဆီများ ရောင်းချရာ တွင် ကုန်အညွှန်းအမှတ်အသားများပါရှိသော တံဆိပ်များသာရောင်းချပေးရန်နှင့် လုပ်ငန်းဆောင်ရွက် ရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိမှသာ ရောင်းချရမည် ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့နယ်ရှိ ကသစ်တန်းရပ်ကွက်နှင့် ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ရည်ညွှန်းဈေးနှင့်ဝယ်ယူခွင့်ရရှိသည့် စာသုံးဆီများအား ပြန်လည် ရောင်းချမှုအခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုများကို စောင့်ကြည့်စစ်ဆေး၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ပဲခူး)