Main menu

ရမည်းသင်းမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ သောက်ရေသန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး’

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သောက်ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ သောက်ရေသန့်များထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်များ ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ပါကုန်စည် အမျိုးအစားအလိုက်ဖော်ပြ ရမည့်ညွှန်ကြားချက်များးကို ပြည်စုံမှန်ကုန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းလိုင်စင် FDA ၏ ထောက်ခံချက် လက်မှတ်များ ရှိ/မရှိ စစ်ဆေးရာ ပြည်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)