မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ဆီထွက်သီးနှံများအနက် မိုးမြေပဲကိုလည်းစိုက်ပျိုးဖြစ်ထွန်း ရာ ဧက(၄၀၀၀)ကျော်စိုက်ပျိုးကြောင်းသိရသည်။ ဆီထွက်သီးနှံမြေပဲမှာ ဈေးကောင်းရဝယ်လို အားရှိခြင်းကြောင့် ၊ နှစ်စဉ်စိုက်ပျိုးသော သီးနှံဖြစ်ကြောင်းသိရသည်။ မြေပဲကို မေလ၊ ဇွန်လများ တွင်စိုက်ပျိုးခဲ့ရာ တစ်ဧကကုန်ကျစရိတ်မှာ မျိုးစေ့ (၁)ပိဿာလျှင်(၁၀၀၀၀) ကျပ်၊မြေပွအား၊ ကြွဆေး ကောင်းစေရန်မြေဩဇာတစ်မျိုးဖြစ်သည့် ကျောက်မှုန့်မှာ တစ်အိတ်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ထည့်သွင်း အသုံးပြုရာ စိုက်ပျိုးမြေပြင်ခြင်းအပါအဝင် တစ်ဧက(၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျခဲ့ကြောင်း ၊ မြေပဲကို ဒေသတွင်းတောင်သူများအနေဖြင့် စားသုံးဆီကြိတ်ရန်နှင့် စားသုံးရန်ကိုအဓိကထားစိုက်ပျိုး ခြင်းဖြစ်ပြီး တောင်သူကိုယ်တိုင်ဆီကြိတ်စားသုံးခြင်း၊ ရရှိသောမြေပဲဖက်ကိုလည်း နွားစာအနေဖြင့် အသုံးပြုရ ကြောင်း တောင်သူများထံမှသိရသည်။ မြေပဲအထွက်နှုန်းအနေဖြင့် မျိုးစေ့တစ်ပြည်လျှင် (၂) တင်းခွဲမှ (၃)တင်းခွဲအထိထွက်ရှိကာ မိုးကောင်းသည့်အတွက်လည်း အဆံအောင်ကြောင်း မြေပဲတောင့် ဈေးနှုန်းမှာ အတောင့်(၁)တင်းလျှင်(၂၀၀၀၀/၂၂၀၀၀)ကျပ်ဈေးကြောင်း သိရသည်။
DOCA(မန္တလေး)